**သဒ္ဒာနည်း ကျမ်းရိုးငါးချက်ထွက်ပုံ**
ကရုဏာ။ပ။ဂတိဝိမုတ္တံ။
ဤဂါထာ၌ လိုရင်းကား ဝန္ဒေ-ဟူသည်တည်း
အဓိပ္ပာယ်ကား ရှိခိုးပါ၏ဟူလို။
အရှင်အဋ္ဌကထာဆရာ(အာလုပ်)
ဆရာသည်(ကတ္တား)
ဝန္ဒေ-ဟူသောပါဌ်ဖြင့် ကမ္မီကို ဆိုတော်မူ၏
(ဌပနာ)
ဤသို့သာဆိုသော်(ဒေါသလက္ခဏာ)
ကမ္မမရှိဟူသောအနက်သည် ရောက်ရာ၏
(အနုလောမပါပနာ)
စင်စစ်သော်ကား ကမ္မမရှိဟူသောအနက်သ
ည် မရောက်သင့်(ပဋိလောမပါပနာ)
ထို့ကြောင့်(ဟိတ်)
ကမ္မကိုလည်း ဆိုသင့်၏(အနုလောမရောပနာ)
ကမ္မကို မဆိုဘဲ မနေသင့်(ပဋိလောမရောပနာ)
မနေသင့်ဘဲနှင့် နေချေသော် ဆရာ့အပေါ်၌
ကမ္မီ ကမ္မ ဆန့်ကျင်သော ဝိရောဓိဒေါသ
ကျရောက်ရာသည်မဟုတ်ပါလော(ဒေါသာ
ရောပနစောဒနာ)
ကမ္မကား အဘယ်ပါနည်း(ပုစ္ဆာ)
ဤသို့ စောဒနာဖွယ်ရှိ၍ ထိုစောဒနာကို
သောဓနာလိုသော အဋ္ဌကထာဆရာသည်
သုဂတံ-ဟူသောပါဌ်ကိုမိန့်။
အဓိပ္ပာယ်ကား ကမ္မီ၏ ကမ္မကို သုဂတံ-ဟူ
သောပါဌ်ဖြင့် ငါဆိုသောကြောင့် သင်တင်တိုင်းသော ဝိရောဓိဒေါသ ငါ့အပေါ၌ မရောက်
ဟူလို။
{ဆောင်ပုဒ်} ဌ အနုပါ ပဋိပါ နု-ဋိရောပနာ။
**ပညတ်နည်း ကျမ်းရိုးငါးချက်ထွက်ပုံ**
အရှင်အဋ္ဌကထာဆရာ(အာလုပ်)
ဆရာသည်(ကတ္တား)
ဝန္ဒေ-ဟူသောပါဌ်ဖြင့် ရှိခိုးပါ၏ဟု ဆိုတော်
မူ၏(ဌပနာ)
ဤသို့သာဆိုသော်(ဒေါသလက္ခဏ)
ပူရာဏကဿပ စသောတိတ္ထိဆရာကို ရှိခိုး၏
ဟူသော အနက်သည် ရောက်ရာ၏(အနုလောမပါပနာ)
စင်စစ်သော်ကား ပူရာဏကဿပ စသော
တိတ္ထိဆရာကို ရှိခိုး၏ဟူသော အနက်သည်
မရောက်သင့်(ပဋိလောမပါပနာ)
ထို့ကြောင့်(ဟိတ်)
ရှိခိုးအပ်သောပုဂ္ဂိုလ်ကိုလည်း ဆိုသင့်၏
(အနုလောမရောပနာ)
ရှိခိုးအပ်သောပုဂ္ဂိုလ်ကို မဆိုဘဲ မနေသင့်
(ပဋိလောမရောပနာ)
မနေသင့်ဘဲနှင့် နေချေသော် ဆရာ့အပေါ်၌
မပြည့်စုံသော အပရိပုဏ္ဏဒေါသကျရောက်ရာ
သည်မဟုတ်ပါလော(ဒေါသာရောပနစောဒနာ
)
ရှိခိုးအပ်သောပုဂ္ဂိုလ်ကား အဘယ်ပါနည်း
(ပုစ္ဆာ)
ဤသို့စောဒနာဖွယ်ရှိ၍ ထိုစောဒနာကို
သောဓနာလိုသော အဋ္ဌကထာဆရာသည်
သုဂတံ-ဟူသောပါဌ်ကိုမိန့်။
အဓိပ္ပာယ်ကား
ရှိခိုးအပ်သောပုဂ္ဂိုလ်ကို သုဂတံ-ဟူသောပါဌ်
ဖြင့် ငါဆိုသောကြောင့် သင်တင်တိုင်းသော
အပရိပုဏ္ဏဒေါသ ငါ့အပေါ်၌ မရောက်ဟူလို။
**ပရမတ်နည်းကျမ်းရိုးငါးချက်ထွက်ပုံ**
အရှင်အဋ္ဌကထာဆရာ(အာလုပ်)
ဆရာသည်(ကတ္တား)
ဝန္ဒေ-ဟူသောပါဌ်ဖြင့် အာရမ္မဏိက အကျိုး
ပစ္စယုပ္ပန်ကို ဆိုတော်မူ၏(ဌပနာ)
ဤသို့သာ ဆိုသော်(ဒေါသလက္ခဏ)
အာရုံ အကြောင်းပစ္စည်း မရှိဟူသောအနက်
သည် ရောက်ရာ၏(အနုလောမပါပနာ)
စင်စစ်သော်ကား အာရုံ အကြောင်းပစ္စည်းမရှိ
ဟူသောအနက်သည် မရောက်သင့်(ပဋိလော
မပါပနာ)
ထို့ကြောင့်(ဟိတ်)
အာရုံ အကြောင်းပစ္စည်းကိုလည်း ဆိုသင့်၏
(အနုလောမရောပနာ)
အာရုံ အကြောင်းပစ္စည်းကို မဆိုဘဲ မနေသင့်
(ပဋိလောမရောပနာ)
မနေသင့်ဘဲနှင့် နေချေသော် ဆရာ့အပေါ်၌
အကျိုး အကြောင်း ပစ္စယုပ္ပန် ပစ္စည်းဆန့်ကျင်
သော ဝိရောဓိဒေါသကျရောက်ရာသည်
မဟုတ်ပါလော(ဒေါသာရောပနစောဒနာ)
အာရုံ အကြောင်း ပစ္စည်းကား အဘယ်ပါနည်း
(ပုစ္ဆာ)
ဤသို့ စောဒနာဖွယ်ရှိ၍ ထိုစောဒနာကို
သောဓနာလိုသော အဋ္ဌကထာဆရာသည်
သုဂတံ-ဟူသောပါဌ်ကိုမိန့်။
အဓိပ္ပာယ်ကား အာရုံ အကြောင်း ပစ္စည်းကို
သုဂတံ-ဟူသောပါဌ်ဖြင့် ငါဆိုသောကြောင့်
သင်တင်တိုင်းသော ဝိရောဓိဒေါသ ငါ့အပေါ်၌
မကျရောက်ဟူလို။
ကရုဏာ။ပ။ဂတိဝိမုတ္တံ။
ဤဂါထာ၌ လိုရင်းကား ဝန္ဒေ-ဟူသည်တည်း
အဓိပ္ပာယ်ကား ရှိခိုးပါ၏ဟူလို။
အရှင်အဋ္ဌကထာဆရာ(အာလုပ်)
ဆရာသည်(ကတ္တား)
ဝန္ဒေ-ဟူသောပါဌ်ဖြင့် ကမ္မီကို ဆိုတော်မူ၏
(ဌပနာ)
ဤသို့သာဆိုသော်(ဒေါသလက္ခဏာ)
ကမ္မမရှိဟူသောအနက်သည် ရောက်ရာ၏
(အနုလောမပါပနာ)
စင်စစ်သော်ကား ကမ္မမရှိဟူသောအနက်သ
ည် မရောက်သင့်(ပဋိလောမပါပနာ)
ထို့ကြောင့်(ဟိတ်)
ကမ္မကိုလည်း ဆိုသင့်၏(အနုလောမရောပနာ)
ကမ္မကို မဆိုဘဲ မနေသင့်(ပဋိလောမရောပနာ)
မနေသင့်ဘဲနှင့် နေချေသော် ဆရာ့အပေါ်၌
ကမ္မီ ကမ္မ ဆန့်ကျင်သော ဝိရောဓိဒေါသ
ကျရောက်ရာသည်မဟုတ်ပါလော(ဒေါသာ
ရောပနစောဒနာ)
ကမ္မကား အဘယ်ပါနည်း(ပုစ္ဆာ)
ဤသို့ စောဒနာဖွယ်ရှိ၍ ထိုစောဒနာကို
သောဓနာလိုသော အဋ္ဌကထာဆရာသည်
သုဂတံ-ဟူသောပါဌ်ကိုမိန့်။
အဓိပ္ပာယ်ကား ကမ္မီ၏ ကမ္မကို သုဂတံ-ဟူ
သောပါဌ်ဖြင့် ငါဆိုသောကြောင့် သင်တင်တိုင်းသော ဝိရောဓိဒေါသ ငါ့အပေါ၌ မရောက်
ဟူလို။
{ဆောင်ပုဒ်} ဌ အနုပါ ပဋိပါ နု-ဋိရောပနာ။
**ပညတ်နည်း ကျမ်းရိုးငါးချက်ထွက်ပုံ**
အရှင်အဋ္ဌကထာဆရာ(အာလုပ်)
ဆရာသည်(ကတ္တား)
ဝန္ဒေ-ဟူသောပါဌ်ဖြင့် ရှိခိုးပါ၏ဟု ဆိုတော်
မူ၏(ဌပနာ)
ဤသို့သာဆိုသော်(ဒေါသလက္ခဏ)
ပူရာဏကဿပ စသောတိတ္ထိဆရာကို ရှိခိုး၏
ဟူသော အနက်သည် ရောက်ရာ၏(အနုလောမပါပနာ)
စင်စစ်သော်ကား ပူရာဏကဿပ စသော
တိတ္ထိဆရာကို ရှိခိုး၏ဟူသော အနက်သည်
မရောက်သင့်(ပဋိလောမပါပနာ)
ထို့ကြောင့်(ဟိတ်)
ရှိခိုးအပ်သောပုဂ္ဂိုလ်ကိုလည်း ဆိုသင့်၏
(အနုလောမရောပနာ)
ရှိခိုးအပ်သောပုဂ္ဂိုလ်ကို မဆိုဘဲ မနေသင့်
(ပဋိလောမရောပနာ)
မနေသင့်ဘဲနှင့် နေချေသော် ဆရာ့အပေါ်၌
မပြည့်စုံသော အပရိပုဏ္ဏဒေါသကျရောက်ရာ
သည်မဟုတ်ပါလော(ဒေါသာရောပနစောဒနာ
)
ရှိခိုးအပ်သောပုဂ္ဂိုလ်ကား အဘယ်ပါနည်း
(ပုစ္ဆာ)
ဤသို့စောဒနာဖွယ်ရှိ၍ ထိုစောဒနာကို
သောဓနာလိုသော အဋ္ဌကထာဆရာသည်
သုဂတံ-ဟူသောပါဌ်ကိုမိန့်။
အဓိပ္ပာယ်ကား
ရှိခိုးအပ်သောပုဂ္ဂိုလ်ကို သုဂတံ-ဟူသောပါဌ်
ဖြင့် ငါဆိုသောကြောင့် သင်တင်တိုင်းသော
အပရိပုဏ္ဏဒေါသ ငါ့အပေါ်၌ မရောက်ဟူလို။
**ပရမတ်နည်းကျမ်းရိုးငါးချက်ထွက်ပုံ**
အရှင်အဋ္ဌကထာဆရာ(အာလုပ်)
ဆရာသည်(ကတ္တား)
ဝန္ဒေ-ဟူသောပါဌ်ဖြင့် အာရမ္မဏိက အကျိုး
ပစ္စယုပ္ပန်ကို ဆိုတော်မူ၏(ဌပနာ)
ဤသို့သာ ဆိုသော်(ဒေါသလက္ခဏ)
အာရုံ အကြောင်းပစ္စည်း မရှိဟူသောအနက်
သည် ရောက်ရာ၏(အနုလောမပါပနာ)
စင်စစ်သော်ကား အာရုံ အကြောင်းပစ္စည်းမရှိ
ဟူသောအနက်သည် မရောက်သင့်(ပဋိလော
မပါပနာ)
ထို့ကြောင့်(ဟိတ်)
အာရုံ အကြောင်းပစ္စည်းကိုလည်း ဆိုသင့်၏
(အနုလောမရောပနာ)
အာရုံ အကြောင်းပစ္စည်းကို မဆိုဘဲ မနေသင့်
(ပဋိလောမရောပနာ)
မနေသင့်ဘဲနှင့် နေချေသော် ဆရာ့အပေါ်၌
အကျိုး အကြောင်း ပစ္စယုပ္ပန် ပစ္စည်းဆန့်ကျင်
သော ဝိရောဓိဒေါသကျရောက်ရာသည်
မဟုတ်ပါလော(ဒေါသာရောပနစောဒနာ)
အာရုံ အကြောင်း ပစ္စည်းကား အဘယ်ပါနည်း
(ပုစ္ဆာ)
ဤသို့ စောဒနာဖွယ်ရှိ၍ ထိုစောဒနာကို
သောဓနာလိုသော အဋ္ဌကထာဆရာသည်
သုဂတံ-ဟူသောပါဌ်ကိုမိန့်။
အဓိပ္ပာယ်ကား အာရုံ အကြောင်း ပစ္စည်းကို
သုဂတံ-ဟူသောပါဌ်ဖြင့် ငါဆိုသောကြောင့်
သင်တင်တိုင်းသော ဝိရောဓိဒေါသ ငါ့အပေါ်၌
မကျရောက်ဟူလို။