Sunday, July 10, 2016
အထွက်
(အထွက်​)
ဝါကျတစ်​ခု၌ လိုရင်းပဓာနကို ​ကောက်​၍
စပ်​ရာကြိယာပုဒ်​မှ ကာရက အကာရကပုဒ်
များသို့လည်း​ကောင်း ကာရက အကာရကပုဒ်
များမှ  ဝိ​သေသန သမ္ဗန်​စ​သောပုဒ်​များသို့လ
ည်း​ကောင်း ဆက်​စပ်​ခြင်းကို အထွက်​ဟု​ခေါ်
သည်​။
{ထွက်​နည်း၄၈}
ထွက်​နည်းသည်​ အနုသ​န္ဓေ ပုစ္ဆာ ​စောဒနာ
အဘိယာစက ထွက်​နည်းအားဖြင့်​​(၄)ပါးရှိ၏။
ထိုတွင်​ တစ်​ပါးတစ်​ပါး၌ သဒ္ဒာထွက်​နည်း
ပညတ်​ထွက်​နည်း ပရမတ်​ထွက်​နည်းအားဖြင့်
(၃)ပါးရ​သော​ကြောင့်​(၁၂)ပါးဖြစ်​၏။
ယင်း(၁၂)ပါးတွင်​ တစ်​ပါးတစ်​ပါး၌ သုဒ္ဓ-
ဥပမာလင်္ကာရ -​ဟေတာလင်္ကာရ -
ဥပမာ​ဟေတာလင်္ကာရထွက်​နည်းအားဖြင့်
(၄)ပါးစီပြား​သော​ကြောင့်​ ထွက်​နည်း(၄၈)ပါး
ဖြစ်​၏။
ခပ်​သိမ်းဝါကျ ဟူသမျှ၌ ပဓာနကြိယာ
ကောက်​မြဲသာ-ဟူသည်​နှင့်​အညီ စာမထွက်
မှီ ​ရှေးဦးစွာ ဝါကျ၌ လိုရင်း ပဓာန ကြိယာကို
ကောက်​ရသည်​။
လိုရင်း​ကောက်​ခြင်းသည်​ သမ္ဗန္ဓာဝတ္ထနည်း
အသမ္ဗန္ဓာဝတ္ထနည်းအားဖြင့်​(၂)ပါးအပြားရှိ၏။
ထိုတွင်​ (၁) ကိတ်​ကြိယာကို အာချာတ်​ကြိယာနှင့်​တွဲ၍ ​ကောက်​​သောနည်းသည်
သမ္ဗန္ဓာဝတ္ထနည်းမည်​၏
ပြယုဂ်​ကား အဘိဝါဒိယ ဘာသိဿံ စသည်
တည်း။
အာချာတ်​ကြိယာနှင့်​မတွဲဘဲ ကိတ်​ကြိယာ
တစ်​ခုတည်းကိုသာ ​ကောက်​​သောနည်းသည်
အသမ္ဗန္ဓာဝတ္ထနည်းမည်​၏။
ပြယုဂ်​ကား အဘိဝါဒိယ စသည်​တည်း။
(၂)ပဓာနကြိယာကို ကတ္တား ကံ စ​သောပုဒ်​များနှင့်​တွဲ၍ ​ကောက်​​သောနည်းသည်
သမ္ဗန္ဓာဝတ္ထနည်းမည်​၏။
ပြယုဂ်​ကား အဟံ ဝ​န္ဒေ စသည်​တည်း။
 ပဓာနကြိယာကို ကတ္တားကံ စ​သောပုဒ်​များ
နှင့်​မတွဲမူ၍ ​ကောက်​​သောနည်းသည်
အသမ္ဗန္ဓာဝတ္ထနည်းမည်​၏။
ပြယုဂ်​ကား ဝ​န္ဒေ အစရှိသည်​တည်း။
{သဒ္ဒာနည်း }  သုဒ္ဓာနုသ​န္ဓေထွက်​*
ကရုဏာသီတလဟဒယံ စ​သော ပဌမဂါထာ
၌ လိုရင်းကား "ဝ​န္ဒေ"ဟူသည်​တည်း။
အနက်​ကား ဝ​န္ဒေ-ရှိခိုးပါ၏။
အဓိပ္ပာယ်​ကား ရှိခိုးပါ၏ ဟူလို
ဤသို့ ဝ​န္ဒေ ဟူ​သောပါဌ်​ဖြင့်​ ကမ္မီကို ပြဆို
တော်​မူပြီး၍ ယခုအခါ၌ ထိုကမ္မီ၏ ကမ္မကို
ပြခြင်းငှာ အလိုရှိ​တော်​မူ​သော အဋ္ဌကထာ
ဆရာသည်​ သုဂတံဟူ​သောပါဌ်​ကိုမိန့်​။
 ***ပုစ္ဆာတွက်​နည်း**
အရှင်​ အဋ္ဌကထာဆရာ(အာလုပ်​)
ဆရာသည်​(ကတ္တား)
ဝ​န္ဒေ ဟူ​သောပါဌ်​ဖြင့်​ ကမ္မီကို ပြဆို​တော်​မူ၏
(ဌပနာ)
ယင်းကမ္မီ၏ ကမ္မကား အဘယ်​ပါနည်း(ပုစ္ဆာ)
ဤသို့ ​မေးဖွယ်​ရှိ၍ ထိုအ​မေးကို ​ဖြေ​တော်​မူ
လို​သော အဋ္ဌကထာဆရာသည်​ သုဂတံ ဟူ​သော ပါဌ်​ကိုမိန့်​။
ဝ​န္ဒေဟူ​သောကမ္မီ၏
ကမ္မကား သုဂတံ ဖြစ်​၏ဟူလို။
**အာ​ဘော်​မပါ ​မေးပုစ္ဆာ
အာ​ဘော်​ပါက ​စောဒနာ**
အ​ဖြေရှုကာ ​မေးပုစ္ဆာ ​လျော်​စွာတင်​ထုတ်​မြဲ
***​စောဒနာထွက်​နည်း**
အရှင်​အဋ္ဌကထာဆရာ(အာလုပ်​)
ဆရာသည်​(ကတ္တား)
ဝ​န္ဒေဟူ​သောပါဌ်​ဖြင့်​ ကမ္မီကိုပြဆို​တော်​မူ၏
(ဌပနာ)
ယင်းကမ္မီ၏ ကမ္မကား အဘယ်​ပါနည်း(ပုစ္ဆာ)
ယင်းကမ္မီ၏ ကမ္မကား ဓမ္မံဖြစ်​ရာသည်​မဟုတ်
ပါ​လော(အာ​ဘောဂ)
ဤသို့​စောဒနာဖွယ်​ရှိ၍ ထို​စောဒနာကို
သောဓနာလို​သော အဋ္ဌကထာဆရာသည်
သုဂတံဟူ​သောပါဌ်​ကိုမိန့်​။
အဓိပ္ပာယ်​ကား သုဂတံဟူ​သောပါဌ်​ဖြင့်
ဝ​န္ဒေဟူ​သောကမ္မီ၏ ကမ္မကား သုဂတံဖြစ်​၏ဟူလို။
**အ​ဖြေ​ရှောင်​ကွင်း ​လျော်​ရာနင်း သွင်း​လေ
အာ​ဘောဂ။
**အဘိယာစကထွက်​နည်း**
အရှင်​အဋ္ဌကထာဆရာ(အာလုပ်​)
ဆရာသည်​(ကတ္တား)
ဝ​န္ဒေဟူ​သောပါဌ်​ဖြင့်​ ကမ္မီကိုပြဆို​တော်​မူ၏
(ဌပနာ)
ယင်းကမ္မီ၏ ကမ္မကိုလည်း ပြဆို​တော်​မူပါဦး
(အဘိယာစနာ)ဟု ​တောင်းပန်​ဖွယ်​ရှိ၍
ကမ္မကိုပြ​တော်​မူလို​သော အဋ္ဌကထာဆရာ
သည်​ သုဂတံဟူ​သောပါဌ်​ကိုမိန့်​။
No comments:
Post a Comment