Wednesday, July 13, 2016

ကျမ်းရိုးငါးချက်

**သဒ္ဒာနည်း ကျမ်းရိုးငါးချက်​ထွက်​ပုံ**
ကရုဏာ။ပ။ဂတိဝိမုတ္တံ။
ဤဂါထာ၌ လိုရင်းကား ဝ​န္ဒေ-ဟူသည်​တည်း
အဓိပ္ပာယ်​ကား ရှိခိုးပါ၏ဟူလို။
အရှင်​အဋ္ဌကထာဆရာ(အာလုပ်​)
ဆရာသည်​(ကတ္တား)
ဝ​န္ဒေ-ဟူ​သောပါဌ်​ဖြင့်​ ကမ္မီကို ဆို​တော်​မူ၏
(ဌပနာ)
ဤသို့သာဆို​သော်​(​ဒေါသလက္ခဏာ)
ကမ္မမရှိဟူ​သောအနက်​သည်​ ​ရောက်​ရာ၏
(အနု​လောမပါပနာ)
စင်​စစ်​​သော်​ကား ကမ္မမရှိဟူ​သောအနက်​သ
ည်​ မ​ရောက်​သင့်​(ပဋိ​လောမပါပနာ)
ထို့​ကြောင့်​(ဟိတ်​)
ကမ္မကိုလည်း ဆိုသင့်​၏(အနု​လောမ​ရောပနာ)
ကမ္မကို မဆိုဘဲ မ​နေသင့်​(ပဋိ​လောမ​ရောပနာ)
မ​နေသင့်​ဘဲနှင့်​ ​နေ​ချေ​သော်​ ဆရာ့အ​ပေါ်၌
 ကမ္မီ ကမ္မ ဆန့်​ကျင်​​သော ဝိ​ရောဓိ​ဒေါသ
ကျ​ရောက်​ရာသည်​မဟုတ်​ပါ​လော(​ဒေါသာ
ရောပန​စောဒနာ)
ကမ္မကား အဘယ်​ပါနည်း(ပုစ္ဆာ)
ဤသို့ ​စောဒနာဖွယ်​ရှိ၍ ထို​စောဒနာကို
သောဓနာလို​သော အဋ္ဌကထာဆရာသည်
သုဂတံ-ဟူ​သောပါဌ်​ကိုမိန့်​။
အဓိပ္ပာယ်​ကား ကမ္မီ၏ ကမ္မကို သုဂတံ-ဟူ
သောပါဌ်​ဖြင့်​ ငါဆို​သော​ကြောင့်​ သင်​တင်​တိုင်း​သော ဝိ​ရောဓိ​ဒေါသ ငါ့အ​ပေါ၌ မ​ရောက်
ဟူလို။

{​ဆောင်​ပုဒ်​} ဌ အနုပါ ပဋိပါ နု-ဋိ​ရောပနာ။

**ပညတ်​နည်း ကျမ်းရိုးငါးချက်​ထွက်​ပုံ**
အရှင်​အဋ္ဌကထာဆရာ(အာလုပ်​)
ဆရာသည်​(ကတ္တား)
ဝ​န္ဒေ-ဟူ​သောပါဌ်​ဖြင့်​ ရှိခိုးပါ၏ဟု ဆို​တော်
မူ၏(ဌပနာ)
ဤသို့သာဆို​သော်​(​ဒေါသလက္ခဏ)
ပူရာဏကဿပ စ​သောတိတ္ထိဆရာကို ရှိခိုး၏
ဟူ​သော အနက်​သည်​ ​ရောက်​ရာ၏(အနု​လောမပါပနာ)
စင်​စစ်​​သော်​ကား ပူရာဏကဿပ စ​သော
တိတ္ထိဆရာကို ရှိခိုး၏ဟူ​သော အနက်​သည်
မ​ရောက်​သင့်​(ပဋိ​လောမပါပနာ)
ထို့​ကြောင့်​(ဟိတ်​)
ရှိခိုးအပ်​​သောပုဂ္ဂိုလ်​ကိုလည်း ဆိုသင့်​၏
(အနု​လောမ​ရောပနာ)
ရှိခိုးအပ်​​သောပုဂ္ဂိုလ်​ကို မဆိုဘဲ မ​နေသင့်
(ပဋိ​လောမ​ရောပနာ)
မ​နေသင့်​ဘဲနှင့်​ ​နေ​ချေ​သော်​ ဆရာ့အ​ပေါ်၌
မပြည့်​စုံ​သော အပရိပုဏ္ဏ​ဒေါသကျ​ရောက်​ရာ
သည်​မဟုတ်​ပါ​လော(​ဒေါသာ​ရောပန​စောဒနာ
)
ရှိခိုးအပ်​​သောပုဂ္ဂိုလ်​ကား အဘယ်​ပါနည်း
(ပုစ္ဆာ)
ဤသို့​စောဒနာဖွယ်​ရှိ၍ ထို​စောဒနာကို
သောဓနာလို​သော အဋ္ဌကထာဆရာသည်
သုဂတံ-ဟူ​သောပါဌ်​ကိုမိန့်​။
အဓိပ္ပာယ်​ကား
ရှိခိုးအပ်​​သောပုဂ္ဂိုလ်​ကို သုဂတံ-ဟူ​သောပါဌ်
ဖြင့်​ ငါဆို​သော​ကြောင့်​ သင်​တင်​တိုင်း​သော
အပရိပုဏ္ဏ​ဒေါသ ငါ့အ​ပေါ်၌ မ​ရောက်​ဟူလို။

**ပရမတ်​နည်းကျမ်းရိုးငါးချက်​ထွက်​ပုံ**
အရှင်​အဋ္ဌကထာဆရာ(အာလုပ်​)
ဆရာသည်​(ကတ္တား)
ဝ​န္ဒေ-ဟူ​သောပါဌ်​ဖြင့်​ အာရမ္မဏိက အကျိုး
ပစ္စယုပ္ပန်​ကို ဆို​တော်​မူ၏(ဌပနာ)
ဤသို့သာ ဆို​သော်​(​ဒေါသလက္ခဏ)
အာရုံ အ​ကြောင်းပစ္စည်း မရှိဟူ​သောအနက်
သည်​ ​ရောက်​ရာ၏(အနု​လောမပါပနာ)
စင်​စစ်​​သော်​ကား အာရုံ အ​ကြောင်းပစ္စည်းမရှိ
ဟူ​သောအနက်​သည်​ မ​ရောက်​သင့်​(ပဋိ​လော
မပါပနာ)
ထို့​ကြောင့်​(ဟိတ်​)
အာရုံ အ​ကြောင်းပစ္စည်းကိုလည်း ဆိုသင့်​၏
(အနု​လောမ​ရောပနာ)
အာရုံ အ​ကြောင်းပစ္စည်းကို မဆိုဘဲ မ​နေသင့်
(ပဋိ​လောမ​ရောပနာ)
မ​နေသင့်​ဘဲနှင့်​ ​နေ​ချေ​သော်​ ဆရာ့အ​ပေါ်၌
အကျိုး အ​ကြောင်း ပစ္စယုပ္ပန်​ ပစ္စည်းဆန့်​ကျင်
သော ဝိ​ရောဓိ​ဒေါသကျ​ရောက်​ရာသည်
မဟုတ်​ပါ​လော(​ဒေါသာ​ရောပန​စောဒနာ)
အာရုံ အ​ကြောင်း ပစ္စည်းကား အဘယ်​ပါနည်း
(ပုစ္ဆာ)
ဤသို့ ​စောဒနာဖွယ်​ရှိ၍ ထို​စောဒနာကို
သောဓနာလို​သော အဋ္ဌကထာဆရာသည်
သုဂတံ-ဟူ​သောပါဌ်​ကိုမိန့်​။
အဓိပ္ပာယ်​ကား အာရုံ အ​ကြောင်း ပစ္စည်းကို
သုဂတံ-ဟူ​သောပါဌ်​ဖြင့်​ ငါဆို​သော​ကြောင့်
သင်​တင်​တိုင်း​သော ဝိ​ရောဓိ​ဒေါသ ငါ့အ​ပေါ်၌
မကျ​ရောက်​ဟူလို။

No comments:

Post a Comment