**ပရမတ် အနုသန္ဓေထွက်**
ဤသို့ ဝန္ဒေဟူသောပါဌ်ဖြင့် အာရမ္မဏိက အ
ကျိုး ပစ္စယုပ္ပန်ကို ပြတော်မူပြီး၍ ယခုအခါ၌
ယင်းအာရမ္မဏိက အကျိုးပစ္စယုပ္ပန်၏ အာရုံ
အကြောင်း ပစ္စည်းကို ပြခြင်းငှာ အလိုရှိတော်
မူသော အဋ္ဌကထာဆရာသည် သုဂတံဟူသောပါဌ်ကိုမိန့်။
**ပရမတ် ပုစ္ဆာထွက်**
အရှင်အဋ္ဌကထာဆရာ(အာလုပ်)
ဆရာသည်(ကတ္တား)
ဝန္ဒေဟူသောပါဌ်ဖြင့် အာရမ္မဏိက အကျိုး
ပစ္စယုပ္ပန်ကို ပြတော်မူ၏(ဌပနာ)
အာရုံ အကြောင်း ပစ္စည်းကား အဘယ်ပါနည်း
(ပုစ္ဆာ)
ဤသို့ မေးဖွယ်ရှိ၍ ထိုအမေးကို ဖြေဆိုတော်
မူလိုသော အဋ္ဌကထာဆရာသည် သုဂတံဟူ
သောပါဌ်ကိုမိန့်။
အဓိပ္ပာယ်ကား အာရုံ အကြောင်းပစ္စည်းသည်
သုဂတံဖြစ်၏ဟူလို။
**ပရမတ် စောဒနာထွက်**
အရှင်အဋ္ဌကထာဆရာ(အာလုပ်)
ဆရာသည်(ကတ္တား)
ဝန္ဒေဟူသောပါဌ်ဖြင့် အာရမ္မဏိက အကျိုး
ပစ္စယုပ္ပန်ကို ဆိုတော်မူ၏(ဌပနာ)
အာရုံ အကြောင်းပစ္စည်းကား အဘယ်ပါနည်း
(ပုစ္ဆာ)
အာရမ္မဏိက အကျိုးပစ္စယုပ္ပန်သည် အာရုံ
အကြောင်းပစ္စည်းနှင့် မကင်းကောင်းသည်
မဟုတ်ပါလော(စောဒနာ)
ဤသို့ စောဒနာဖွယ်ရှိ၌ ထိုစောဒနာကို သောဓနာလိုသော အဋ္ဌကထာဆရာသည်
သုဂတံဟူသောပါဌ်ကိုမိန့်။
အဓိပ္ပာယ်ကား အာရမ္မဏိက အကျိုးပစ္စယုပ္ပန်
သည် အာရုံ အကြောင်းပစ္စည်းနှင့် ကင်းကောင်းသည်မဟုတ် အာရုံ အကြောင်းပစ္စည်း
ကား သုဂတံ ဖြစ်၏ဟူလို။
**ပရမတ် အဘိယာစကထွက်**
အရှင်အဋ္ဌကထာဆရာ(အာလုပ်)
ဆရာသည်(ကတ္တား)
ဝန္ဒေဟူသောပါဌ်ဖြင့် အာရမ္မဏိက အကျိုး
ပစ္စယုန်ကို ပြတော်မူ၏(ဌပနာ)
အာရုံ အကြောင်း ပစ္စည်းကိုလည်း ပြတော်မူ
ပါဦးဟု တောင်းပန်ဖွယ်ရှိ၍ သုဂတံဟူသော
ပါဌ်ကိုမိန့်။
{ပဋ္ဌာန်းစာစပ်သိမှ ပရမတ်ထွက်နားလည်
မည်}
**ပဋ္ဌာန်းစာစပ်**
ကတ္တားနှင့် ကြိယာ
အဟံ ဝန္ဒေ၌ အဟံ-ကား သည်ဟူ၍ အနက်
ပေးသောကြောင့် ဝန္ဒေ-၌ သဟဇာတ အနန္တရ ပုရေဇာတပစ္စည်း။ ဝန္ဒေ-ကား
သဟဇာတ အနန္တရ ပုရေဇာတပစ္စယုပ္ပန်။
(တစ်နည်း) အဟံ-ကား သည်ဟူ၍အနက်
ပေးသောကြောင့် ဝန္ဒေ-၌ သဟဇာတ ပကတူပနိဿယ အကြောင်း နိမိတ် ပစ္စည်း။
ဝန္ဒေ-ကား သဟဇာတ ပကတူပနိဿယ
အကျိုး နိမိတ္တဝန္တ ပစ္စယုပ္ပန်အဖြစ်ဖြင့်စပ်အပ်
၏။
**ကတ္တားနှင့်ကြိယာတို့၏အရ တရားကိုယ်*
အဟံ ဝန္ဒေ-၌ အဟံ-ဟူသော ကတ္တားပုဒ်နှင့်
ဝန္ဒေ-ဟူသောကြိယာပုဒ်တို့သည် တုလျာဓိကရဏဖြစ်၍ မိမိဟုဆိုအပ်သော
ခန္ဓာပဉ္စကဒြဗ်တစ်ခုတည်းကိုပင် ဟောသော
ကြောင့် ဝန္ဒေ၌ ဝန္ဒဓာတ်အရ ပဏာမစေတနာ ပြဋ္ဌာန်းသော မဟာကုသိုလ်စိတ္တုပ္ပာ
ဒ်နှင့် ယင်းကုသိုလ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့ကို ကောက်ယူ၍ အဟံ-ဟူသော
ကတ္တားပုဒ်၏အရကိုလည်း ရှိခိုးနေခိုက်ဖြစ်
သော ပဏာမစေတနာပြဋ္ဌာန်းသော
မဟာကုသိုလ်စိတ္တုပ္ပာဒ်နှင့် အတူဖြစ်နေသော
ရုပ်တရားများကို ကောက်ယူရသည်။
**ပစ္စည်းပစ္စယုပ္ပန်ဖြစ်ပုံနှင့် ပစ္စည်းပြိုင်**
၁။(ကု-ကု) ကုသလော ဧကော ခန္ဓော
တိဏ္ဏန္နံ ခန္ဓာနံ သဟဇာတပစ္စယေန ပစ္စယော
စသော ပဋ္ဌာန်း ပဥှာဝါရ ဝိဘင်္ဂပါဠိတော်နှင့်
အညီ အဟံ-ဟူသောကတ္တားပါဌ်အရ
မဟာကုသိုလ်စိတ္တုပ္ပာဒ် နာမက္ခန္ဓာလေးပါးတို့
တွင် ဝေဒနာစသော တစ်ပါးတစ်ပါးသော
နာမက္ခန္ဓာ သုံးပါး သုံးပါးသော နာမက္ခန္ဓာ
နှစ်ပါးနှစ်ပါးသော နာမက္ခန္ဓာ ပစ္စည်းတရားသ
ည် ဝန္ဒေ-၌ ဝန္ဒဓာတ်အရဖြစ်သော သုံးပါး
သုံးပါးသော နာမက္ခန္ဓာ တစ်ပါးတစ်ပါးသော
နာမက္ခန္ဓာ နှစ်ပါး နှစ်ပါးသော နာမက္ခန္ဓာ
ပစ္စယုပ္ပန်တရားအား သဟဇာတ အညမည
နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတ ဤ(၆)
ပစ္စယသတ္တိတို့ဖြင့်တစ်ပြိုင်နက်ကျေးဇူးပြု၏။
၂။(ကု-ဗျာ) အဟံ-ဟူသောကတ္တားပါဌ်အရ
ကုသိုလ်နာမက္ခန္ဓာလေးပါး ပစ္စည်းတရားသ
ည် ဝန္ဒေ-၌ ဝန္ဒဓာတ်ရ ကုသိုလ်ကြောင့်ဖြစ်
သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားအား
သဟဇာတ နိဿ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ
ဤ(၅)ပစ္စယသတ္တိတို့ဖြင့် တစ်ပြိုင်နက်
ကျေးဇူးပြု၏။
၃။(ကု-ကုဗျာ) အဟံ-ဟူသော ကတ္တားပါဌ်
အရ ကုသိုလ်နာမက္ခန္ဓာလေးပါးပစ္စည်းတရား
သည် ဝန္ဒေ-၌ ဝန္ဒဓာတ်အရ ကုသိုလ်နာမက္ခ
န္ဓာနှင့်စိတ္တဇရုပ် ပစ္စယုပ္ပန်တရာအား
သဟဇာတ နိဿယ အတ္ထိ အဝိဂတ
ဤ(၄)ပစ္စယသတ္တိတိုဖြင့် တစ်ပြိုင်နက်ကျေး
ဇူးပြု၏။
**အဟံ-ဟူသော ကတ္တားပါဌ်အရ ဝေဒနာက္ခန္ဓာတစ်ပါးတည်းကိုသာ ပစ္စည်းအ
ဖြစ်ယူလျှင် ဣန္ဒြိယ ဈာန(၂)ပစ္စည်းတိုး၍
ပြဆိုအပ်ပြီးသော(၁)၌ (၈)ပစ္စည်း
(၂)၌ (၇)ပစ္စည်း
(၃)၌ (၆)ပစ္စည်း ယထာရဟပြိုင်နိင်သည်။
အဟံ-ဟူသော ကတ္တားပါဌ်အရ
သညာက္ခန္ဓာတစ်ပါးတည်းကိုသာ ပစ္စည်းအ
ဖြစ်ယူရာ၌ ပစ္စည်းအရေအတွက်မထူးပြီ။
အဟံ-ဟူသော ကတ္တားပါဌ်အရ သင်္ခာရက္ခန္ဓာ
ကို ပစ္စည်းအဖြစ်ယူလျှင် ဟေတု အဓိပတိ
ကမ္မ အာဟာရ ဣန္ဒြိယ ဈာန မဂ္ဂ (၇)ပစ္စည်း
ပါဝင်နိုင်၍ ပြဆိုအပ်ပြီးသော (၁)၌ ၁၃ပစ္စည်း
(၂)၌ ၁၂ပစ္စည်း (၃)၌ ၁၁ပစ္စည်း ယထာရဟ
ပြိုင်နိုင်သည်။
အဟံ-ဟူသောကတ္တားပါဌ်အရ ဝိညာဏက္ခန္ဓာကို ပစ္စည်းအဖြစ်ယူလျှင်
အဓိပတိ အာဟာရ ဣန္ဒြိယ(၃)ပစ္စည်းပါဝင်၍
ပြအပ်ပြီးသော (၁)၌ ၉ပစ္စည်း (၂)၌ ၈ပစ္စည်း
(၃)၌၇ပစ္စည်း ယထာရဟပြိုင်နိုင်သည်။
{အနန္တရမျိုး}
အဟံ-ဟူသောကတ္တားပါဌ်အရ မဟာကုသိုလ် ပထမဇောအစရှိသော ရှေးရှေး
သော ကုသိုလ်နာမက္ခန္ဓာ ပစ္စည်းတရားသည်
ဝန္ဒေ-၌ ဝန္ဒဓာတ်အရ ဒုတိယဇော အစရှိသော နောက်နောက်သော ကုသိုလ်နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားအား အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတ ဤ(၆)ပစ္စယသတ္တိတို့ဖြင့် တစ်ပြိုင်နက်
ကျေးဇူးပြု၏။
{ပုရေဇာတမျိုး}
အဟံ-ဟူသောကတ္တားပါဌ်အရ ရှေးရှေးသော
စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုပစ္စည်း
တရားသည် ဝန္ဒေ-၌ ဝန္ဒဓာတ်အရ မဟာကု
သိုလ်နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားအား
ဝတ္ထုပုရေဇာတ နိဿယ ဝိပ္ပယုတ္တ အတ္ထိ
အဝိဂတ ဤ(၅)ပစ္စယသတ္တိတို့ဖြင့် တစ်ပြိုင်
နက် ကျေးဇူးပြု၏။
{ပကတူပနိဿယမျိုး}
အဟံ-ဟူသောကတ္တားပါဌ်အရ ရှေးရှေး၌ဖြစ်
သော ယောနိသောမနသိကာရ သဒ္ဓာ သတိ
ပညာပြဋ္ဌာန်းသော မဟာကုသိုလ်နာမက္ခန္ဓာ
ပစ္စည်းတရားသည် ဝန္ဒေ-၌ ဝန္ဒဓာတ်အရ
ပဏာမစေတနာပြဋ္ဌာန်းသော မဟာကုသိုလ်
နာမက္ခန္ဓာပစ္စယုပ္ပန်တရားအား ပကတူပနိဿ
ယသတ္တိဖြင့် ကျေးဇူးပြု၏။ ပစ္စည်းပြိုင်မရှိ။
*****ကံနှင့်ကြိယာပရမတ်စပ်နည်း*****
ဝန္ဒေ သုဂတံ-၌ သုဂတံ-ကား ကိုဟူ၍ အနက်ပေးသောကြောင့် ဝန္ဒေ-၌ အာရုံ
အကြောင်း ပစ္စည်း။ ဝန္ဒေ-ကား အာရမ္မဏိက
အကျိုး ပစ္စယုပ္ပန်အဖြစ်ဖြင့် စပ်အပ်၏။
**ပစ္စည်း ပစ္စယုပ္ပန်ဖြစ်ပုံနှင့် ပစ္စည်းပြိုင်**
သုဂတံ-အရ ဘုရားတည်းဟူသော ရူပါရုံ
(တစ်နည်း)ဘုရားဒြဗ်တည်းဟူသော ဓမ္မာရုံကို ပစ္စည်းအဖြစ်ဖြင့်ယူ၍ ဝန္ဒေ-၌
ဝန္ဒဓာတ်အရ ပဏာမစေတနာပြဋ္ဌာန်းသော
မဟာကုသိုလ်နာမက္ခန္ဓာကို ပစ္စယုပ္ပန်အဖြစ်
ဖြင့်ယူ၍
ဘုရားတည်းဟူသော ရူပါရုံ(တစ်နည်း)ဘုရား
တည်းဟူသော ဓမ္မာရုံပစ္စည်းတရားသည်
ပဏာမစေတနာပြဋ္ဌာန်းသော မဟာကုသိုလ်
နာမက္ခန္ဓာပစ္စယုပ္ပန်တရားအား အာရမ္မဏ
ပုရေဇာတ အတ္ထိ အဝိဂတ ဤ(၄)ပစ္စယသတ္တိ
တို့ဖြင့် တစ်ပြိုင်နက် ကျေးဇူးပြု၏။
**အဇ္ဈတ္တိက ကရိုဏ်းနှင့်ကြိယာ**
ကတ္တားနည်းတူ သဟဇာတ အနန္တရ ပုရေဇာ
တမျိုးပစ္စည်း ပစ္စယုပ္ပန် စပ်ရသည်။
**ဗာဟိရကရိုဏ်းနှင့်ကြိယာ**
ပကတူပနိဿယမျိုး ပစ္စည်း ပစ္စယုပ္ပန်စပ်ရသ
ည်။
**သမ္ပဒါန်နှင့်ကြိယာ**
များသောအားဖြင့် ပကတူပနိဿယမျိုး
ပစ္စည် ပစ္စယုပ္ပန်၊ တစ်ခါတစ်ရံ ကံပုဒ်နှင့်
သဘောတူသောအရာ၌ အာရမ္မဏမျိုး ပစ္စည်း
ပစ္စယုပ္ပန် စပ်ရသည်။
**အပါဒါန် သြကာသကာရကနှင့်ကြိယာ**
ပကတူပနိဿယပစ္စည်း ပစ္စယုပ္ပန်စပ်။
**ဟိတ် လက္ခဏ ကြိယာဝိသေသနတို့နှင့်
ကြိယာ**
ပကတူပနိဿယပစ္စည်း ပစ္စယုပ္ပန်စပ်။
သမ္ဗန် အာလုပ်စသော အကာရကများနှင့်
ဆိုင်ရာပုဒ်များ စပ်သောအခါ ပကတူပနိဿယအကြောင်း နိမိတ် ပစ္စည်း
အကျိုး နိမိတ္တဝန္တ ပစ္စယုပ္ပန်အဖြစ်ဖြင့်စပ်ရသ
ည်။
(ဆောင်ပုဒ်)
ကတ္တားနှင့်ကြိယာ၊ စပ်ပါကြ သ-နန်-ပူ၊
ကြိယာကံ စပ်ဟန်ရိုး၊ မျိုးအာရုံတူ၊
အဇ္ဈတ် ဗာဟျတ်နှင့်၊ နှစ်ရပ်တဲ့ ကရိုဏ်းမူ၊
ကတ္တားတူ သုံးမျိုး၊ သမ္ပဒါန်၊ အာရုံမျိုး ရံခါပ၊
အကြွင်းမှာ တိဒေသ၊ ဥပတဲ့မျိုး။
ဤသို့ ဝန္ဒေဟူသောပါဌ်ဖြင့် အာရမ္မဏိက အ
ကျိုး ပစ္စယုပ္ပန်ကို ပြတော်မူပြီး၍ ယခုအခါ၌
ယင်းအာရမ္မဏိက အကျိုးပစ္စယုပ္ပန်၏ အာရုံ
အကြောင်း ပစ္စည်းကို ပြခြင်းငှာ အလိုရှိတော်
မူသော အဋ္ဌကထာဆရာသည် သုဂတံဟူသောပါဌ်ကိုမိန့်။
**ပရမတ် ပုစ္ဆာထွက်**
အရှင်အဋ္ဌကထာဆရာ(အာလုပ်)
ဆရာသည်(ကတ္တား)
ဝန္ဒေဟူသောပါဌ်ဖြင့် အာရမ္မဏိက အကျိုး
ပစ္စယုပ္ပန်ကို ပြတော်မူ၏(ဌပနာ)
အာရုံ အကြောင်း ပစ္စည်းကား အဘယ်ပါနည်း
(ပုစ္ဆာ)
ဤသို့ မေးဖွယ်ရှိ၍ ထိုအမေးကို ဖြေဆိုတော်
မူလိုသော အဋ္ဌကထာဆရာသည် သုဂတံဟူ
သောပါဌ်ကိုမိန့်။
အဓိပ္ပာယ်ကား အာရုံ အကြောင်းပစ္စည်းသည်
သုဂတံဖြစ်၏ဟူလို။
**ပရမတ် စောဒနာထွက်**
အရှင်အဋ္ဌကထာဆရာ(အာလုပ်)
ဆရာသည်(ကတ္တား)
ဝန္ဒေဟူသောပါဌ်ဖြင့် အာရမ္မဏိက အကျိုး
ပစ္စယုပ္ပန်ကို ဆိုတော်မူ၏(ဌပနာ)
အာရုံ အကြောင်းပစ္စည်းကား အဘယ်ပါနည်း
(ပုစ္ဆာ)
အာရမ္မဏိက အကျိုးပစ္စယုပ္ပန်သည် အာရုံ
အကြောင်းပစ္စည်းနှင့် မကင်းကောင်းသည်
မဟုတ်ပါလော(စောဒနာ)
ဤသို့ စောဒနာဖွယ်ရှိ၌ ထိုစောဒနာကို သောဓနာလိုသော အဋ္ဌကထာဆရာသည်
သုဂတံဟူသောပါဌ်ကိုမိန့်။
အဓိပ္ပာယ်ကား အာရမ္မဏိက အကျိုးပစ္စယုပ္ပန်
သည် အာရုံ အကြောင်းပစ္စည်းနှင့် ကင်းကောင်းသည်မဟုတ် အာရုံ အကြောင်းပစ္စည်း
ကား သုဂတံ ဖြစ်၏ဟူလို။
**ပရမတ် အဘိယာစကထွက်**
အရှင်အဋ္ဌကထာဆရာ(အာလုပ်)
ဆရာသည်(ကတ္တား)
ဝန္ဒေဟူသောပါဌ်ဖြင့် အာရမ္မဏိက အကျိုး
ပစ္စယုန်ကို ပြတော်မူ၏(ဌပနာ)
အာရုံ အကြောင်း ပစ္စည်းကိုလည်း ပြတော်မူ
ပါဦးဟု တောင်းပန်ဖွယ်ရှိ၍ သုဂတံဟူသော
ပါဌ်ကိုမိန့်။
{ပဋ္ဌာန်းစာစပ်သိမှ ပရမတ်ထွက်နားလည်
မည်}
**ပဋ္ဌာန်းစာစပ်**
ကတ္တားနှင့် ကြိယာ
အဟံ ဝန္ဒေ၌ အဟံ-ကား သည်ဟူ၍ အနက်
ပေးသောကြောင့် ဝန္ဒေ-၌ သဟဇာတ အနန္တရ ပုရေဇာတပစ္စည်း။ ဝန္ဒေ-ကား
သဟဇာတ အနန္တရ ပုရေဇာတပစ္စယုပ္ပန်။
(တစ်နည်း) အဟံ-ကား သည်ဟူ၍အနက်
ပေးသောကြောင့် ဝန္ဒေ-၌ သဟဇာတ ပကတူပနိဿယ အကြောင်း နိမိတ် ပစ္စည်း။
ဝန္ဒေ-ကား သဟဇာတ ပကတူပနိဿယ
အကျိုး နိမိတ္တဝန္တ ပစ္စယုပ္ပန်အဖြစ်ဖြင့်စပ်အပ်
၏။
**ကတ္တားနှင့်ကြိယာတို့၏အရ တရားကိုယ်*
အဟံ ဝန္ဒေ-၌ အဟံ-ဟူသော ကတ္တားပုဒ်နှင့်
ဝန္ဒေ-ဟူသောကြိယာပုဒ်တို့သည် တုလျာဓိကရဏဖြစ်၍ မိမိဟုဆိုအပ်သော
ခန္ဓာပဉ္စကဒြဗ်တစ်ခုတည်းကိုပင် ဟောသော
ကြောင့် ဝန္ဒေ၌ ဝန္ဒဓာတ်အရ ပဏာမစေတနာ ပြဋ္ဌာန်းသော မဟာကုသိုလ်စိတ္တုပ္ပာ
ဒ်နှင့် ယင်းကုသိုလ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့ကို ကောက်ယူ၍ အဟံ-ဟူသော
ကတ္တားပုဒ်၏အရကိုလည်း ရှိခိုးနေခိုက်ဖြစ်
သော ပဏာမစေတနာပြဋ္ဌာန်းသော
မဟာကုသိုလ်စိတ္တုပ္ပာဒ်နှင့် အတူဖြစ်နေသော
ရုပ်တရားများကို ကောက်ယူရသည်။
**ပစ္စည်းပစ္စယုပ္ပန်ဖြစ်ပုံနှင့် ပစ္စည်းပြိုင်**
၁။(ကု-ကု) ကုသလော ဧကော ခန္ဓော
တိဏ္ဏန္နံ ခန္ဓာနံ သဟဇာတပစ္စယေန ပစ္စယော
စသော ပဋ္ဌာန်း ပဥှာဝါရ ဝိဘင်္ဂပါဠိတော်နှင့်
အညီ အဟံ-ဟူသောကတ္တားပါဌ်အရ
မဟာကုသိုလ်စိတ္တုပ္ပာဒ် နာမက္ခန္ဓာလေးပါးတို့
တွင် ဝေဒနာစသော တစ်ပါးတစ်ပါးသော
နာမက္ခန္ဓာ သုံးပါး သုံးပါးသော နာမက္ခန္ဓာ
နှစ်ပါးနှစ်ပါးသော နာမက္ခန္ဓာ ပစ္စည်းတရားသ
ည် ဝန္ဒေ-၌ ဝန္ဒဓာတ်အရဖြစ်သော သုံးပါး
သုံးပါးသော နာမက္ခန္ဓာ တစ်ပါးတစ်ပါးသော
နာမက္ခန္ဓာ နှစ်ပါး နှစ်ပါးသော နာမက္ခန္ဓာ
ပစ္စယုပ္ပန်တရားအား သဟဇာတ အညမည
နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတ ဤ(၆)
ပစ္စယသတ္တိတို့ဖြင့်တစ်ပြိုင်နက်ကျေးဇူးပြု၏။
၂။(ကု-ဗျာ) အဟံ-ဟူသောကတ္တားပါဌ်အရ
ကုသိုလ်နာမက္ခန္ဓာလေးပါး ပစ္စည်းတရားသ
ည် ဝန္ဒေ-၌ ဝန္ဒဓာတ်ရ ကုသိုလ်ကြောင့်ဖြစ်
သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားအား
သဟဇာတ နိဿ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ
ဤ(၅)ပစ္စယသတ္တိတို့ဖြင့် တစ်ပြိုင်နက်
ကျေးဇူးပြု၏။
၃။(ကု-ကုဗျာ) အဟံ-ဟူသော ကတ္တားပါဌ်
အရ ကုသိုလ်နာမက္ခန္ဓာလေးပါးပစ္စည်းတရား
သည် ဝန္ဒေ-၌ ဝန္ဒဓာတ်အရ ကုသိုလ်နာမက္ခ
န္ဓာနှင့်စိတ္တဇရုပ် ပစ္စယုပ္ပန်တရာအား
သဟဇာတ နိဿယ အတ္ထိ အဝိဂတ
ဤ(၄)ပစ္စယသတ္တိတိုဖြင့် တစ်ပြိုင်နက်ကျေး
ဇူးပြု၏။
**အဟံ-ဟူသော ကတ္တားပါဌ်အရ ဝေဒနာက္ခန္ဓာတစ်ပါးတည်းကိုသာ ပစ္စည်းအ
ဖြစ်ယူလျှင် ဣန္ဒြိယ ဈာန(၂)ပစ္စည်းတိုး၍
ပြဆိုအပ်ပြီးသော(၁)၌ (၈)ပစ္စည်း
(၂)၌ (၇)ပစ္စည်း
(၃)၌ (၆)ပစ္စည်း ယထာရဟပြိုင်နိင်သည်။
အဟံ-ဟူသော ကတ္တားပါဌ်အရ
သညာက္ခန္ဓာတစ်ပါးတည်းကိုသာ ပစ္စည်းအ
ဖြစ်ယူရာ၌ ပစ္စည်းအရေအတွက်မထူးပြီ။
အဟံ-ဟူသော ကတ္တားပါဌ်အရ သင်္ခာရက္ခန္ဓာ
ကို ပစ္စည်းအဖြစ်ယူလျှင် ဟေတု အဓိပတိ
ကမ္မ အာဟာရ ဣန္ဒြိယ ဈာန မဂ္ဂ (၇)ပစ္စည်း
ပါဝင်နိုင်၍ ပြဆိုအပ်ပြီးသော (၁)၌ ၁၃ပစ္စည်း
(၂)၌ ၁၂ပစ္စည်း (၃)၌ ၁၁ပစ္စည်း ယထာရဟ
ပြိုင်နိုင်သည်။
အဟံ-ဟူသောကတ္တားပါဌ်အရ ဝိညာဏက္ခန္ဓာကို ပစ္စည်းအဖြစ်ယူလျှင်
အဓိပတိ အာဟာရ ဣန္ဒြိယ(၃)ပစ္စည်းပါဝင်၍
ပြအပ်ပြီးသော (၁)၌ ၉ပစ္စည်း (၂)၌ ၈ပစ္စည်း
(၃)၌၇ပစ္စည်း ယထာရဟပြိုင်နိုင်သည်။
{အနန္တရမျိုး}
အဟံ-ဟူသောကတ္တားပါဌ်အရ မဟာကုသိုလ် ပထမဇောအစရှိသော ရှေးရှေး
သော ကုသိုလ်နာမက္ခန္ဓာ ပစ္စည်းတရားသည်
ဝန္ဒေ-၌ ဝန္ဒဓာတ်အရ ဒုတိယဇော အစရှိသော နောက်နောက်သော ကုသိုလ်နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားအား အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတ ဤ(၆)ပစ္စယသတ္တိတို့ဖြင့် တစ်ပြိုင်နက်
ကျေးဇူးပြု၏။
{ပုရေဇာတမျိုး}
အဟံ-ဟူသောကတ္တားပါဌ်အရ ရှေးရှေးသော
စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုပစ္စည်း
တရားသည် ဝန္ဒေ-၌ ဝန္ဒဓာတ်အရ မဟာကု
သိုလ်နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားအား
ဝတ္ထုပုရေဇာတ နိဿယ ဝိပ္ပယုတ္တ အတ္ထိ
အဝိဂတ ဤ(၅)ပစ္စယသတ္တိတို့ဖြင့် တစ်ပြိုင်
နက် ကျေးဇူးပြု၏။
{ပကတူပနိဿယမျိုး}
အဟံ-ဟူသောကတ္တားပါဌ်အရ ရှေးရှေး၌ဖြစ်
သော ယောနိသောမနသိကာရ သဒ္ဓာ သတိ
ပညာပြဋ္ဌာန်းသော မဟာကုသိုလ်နာမက္ခန္ဓာ
ပစ္စည်းတရားသည် ဝန္ဒေ-၌ ဝန္ဒဓာတ်အရ
ပဏာမစေတနာပြဋ္ဌာန်းသော မဟာကုသိုလ်
နာမက္ခန္ဓာပစ္စယုပ္ပန်တရားအား ပကတူပနိဿ
ယသတ္တိဖြင့် ကျေးဇူးပြု၏။ ပစ္စည်းပြိုင်မရှိ။
*****ကံနှင့်ကြိယာပရမတ်စပ်နည်း*****
ဝန္ဒေ သုဂတံ-၌ သုဂတံ-ကား ကိုဟူ၍ အနက်ပေးသောကြောင့် ဝန္ဒေ-၌ အာရုံ
အကြောင်း ပစ္စည်း။ ဝန္ဒေ-ကား အာရမ္မဏိက
အကျိုး ပစ္စယုပ္ပန်အဖြစ်ဖြင့် စပ်အပ်၏။
**ပစ္စည်း ပစ္စယုပ္ပန်ဖြစ်ပုံနှင့် ပစ္စည်းပြိုင်**
သုဂတံ-အရ ဘုရားတည်းဟူသော ရူပါရုံ
(တစ်နည်း)ဘုရားဒြဗ်တည်းဟူသော ဓမ္မာရုံကို ပစ္စည်းအဖြစ်ဖြင့်ယူ၍ ဝန္ဒေ-၌
ဝန္ဒဓာတ်အရ ပဏာမစေတနာပြဋ္ဌာန်းသော
မဟာကုသိုလ်နာမက္ခန္ဓာကို ပစ္စယုပ္ပန်အဖြစ်
ဖြင့်ယူ၍
ဘုရားတည်းဟူသော ရူပါရုံ(တစ်နည်း)ဘုရား
တည်းဟူသော ဓမ္မာရုံပစ္စည်းတရားသည်
ပဏာမစေတနာပြဋ္ဌာန်းသော မဟာကုသိုလ်
နာမက္ခန္ဓာပစ္စယုပ္ပန်တရားအား အာရမ္မဏ
ပုရေဇာတ အတ္ထိ အဝိဂတ ဤ(၄)ပစ္စယသတ္တိ
တို့ဖြင့် တစ်ပြိုင်နက် ကျေးဇူးပြု၏။
**အဇ္ဈတ္တိက ကရိုဏ်းနှင့်ကြိယာ**
ကတ္တားနည်းတူ သဟဇာတ အနန္တရ ပုရေဇာ
တမျိုးပစ္စည်း ပစ္စယုပ္ပန် စပ်ရသည်။
**ဗာဟိရကရိုဏ်းနှင့်ကြိယာ**
ပကတူပနိဿယမျိုး ပစ္စည်း ပစ္စယုပ္ပန်စပ်ရသ
ည်။
**သမ္ပဒါန်နှင့်ကြိယာ**
များသောအားဖြင့် ပကတူပနိဿယမျိုး
ပစ္စည် ပစ္စယုပ္ပန်၊ တစ်ခါတစ်ရံ ကံပုဒ်နှင့်
သဘောတူသောအရာ၌ အာရမ္မဏမျိုး ပစ္စည်း
ပစ္စယုပ္ပန် စပ်ရသည်။
**အပါဒါန် သြကာသကာရကနှင့်ကြိယာ**
ပကတူပနိဿယပစ္စည်း ပစ္စယုပ္ပန်စပ်။
**ဟိတ် လက္ခဏ ကြိယာဝိသေသနတို့နှင့်
ကြိယာ**
ပကတူပနိဿယပစ္စည်း ပစ္စယုပ္ပန်စပ်။
သမ္ဗန် အာလုပ်စသော အကာရကများနှင့်
ဆိုင်ရာပုဒ်များ စပ်သောအခါ ပကတူပနိဿယအကြောင်း နိမိတ် ပစ္စည်း
အကျိုး နိမိတ္တဝန္တ ပစ္စယုပ္ပန်အဖြစ်ဖြင့်စပ်ရသ
ည်။
(ဆောင်ပုဒ်)
ကတ္တားနှင့်ကြိယာ၊ စပ်ပါကြ သ-နန်-ပူ၊
ကြိယာကံ စပ်ဟန်ရိုး၊ မျိုးအာရုံတူ၊
အဇ္ဈတ် ဗာဟျတ်နှင့်၊ နှစ်ရပ်တဲ့ ကရိုဏ်းမူ၊
ကတ္တားတူ သုံးမျိုး၊ သမ္ပဒါန်၊ အာရုံမျိုး ရံခါပ၊
အကြွင်းမှာ တိဒေသ၊ ဥပတဲ့မျိုး။
No comments:
Post a Comment